တူရကီနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၂၈၅၆ ဦးရှိ
အန်ကာရာ ဇန်နဝါရီ ၂၄
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၂၈၅၆ ဦးထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း အဆိုပါရောဂါကူးစက်ခံရသူ
ပေါင်း ၁၀၈၈၁၆၂၆ ဦးရှိလာကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
တူရကီနိုင်ငံ၌ ကိုဗစ်-၁၉
ရောဂါကြောင့် သေဆုံးသူ ၁၈၄ ဦး ထပ်တိုးလာခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း
၈၅၆၀၀ ရှိလာကြောင်းနှင့် လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ
၈၉၉၂၆ ဦးရှိကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက
ပြောကြားသည်။
တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ်
Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် တူရကီကျန်းမာရေးအာဏာပိုင်များက
အတည်ပြု ပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်ကို
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ။
တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏
အချက်အလက်များအရ လူဦးရေ ၅၇ ဒသမ ၃၃ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်
ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်းနှင့် ၅၂ ဒသမ ၂၅ သန်းကျော်သည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူ
ပြီးဖြစ်ကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
တူရကီနိုင်ငံ၌ တတိယအကြိမ်အပိုဆောင်းထိုးနှံပေးသည့်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေပေါင်း ၁၄၀ ပြောကြားသည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - အလင်းသစ်
No comments