ကော်လိုရာဒိုတောမီးကြောင့် နေအိမ်များပျက်စီးပြီး လူထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ရ
ဒန်ဗာ ဇန်နဝါရီ ၂
အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်တွင်
လျင်မြန်စွာ လောင်ကျွမ်းသည့် တောမီးကြောင့် နေအိမ်ပေါင်း ရာနှင့် ချီ၍ ပျက်စီးခဲ့ပြီး
လူပေါင်း ထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။
လေတိုက်နှုန်းမှာလည်း တစ်နာရီလျှင်
၁၇၅ ကီလိုမီတာ အထိရှိပြီး တောမီးကို လျင်မြန်စွာ လောင်ကျွမ်းစေခဲ့သည်။ ဒန်ဗာမြို့ မြောက်ပိုင်း
ဒေသခံများနေထိုင်ရာ နေရာများသို့တောမီးရောက်ရှိရန် အချိန်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။
နေအိမ်ပေါင်း ၅၈၀ မှာ မီးလောင်မှုကြောင့်
ပျက်စီးခဲ့ရသည်။ တောမီးလောင်သွားသည့် အထဲတွင် ဈေးဝယ်စင်တာ တစ်ခုနှင့် ဟိုတယ်တစ်လုံးလည်း
ပါသွားခဲ့သည်။ ဘာဆက်လုပ်ရမည်မသိသည့် ဒေသခံများအတွက် အခြေအနေများမှာ ကြောက်မက်ဖွယ် ဖြစ်နေခဲ့သည်။
တောမီးကြောင့် လူခုနစ်ဦး
ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ မီးတောက်ကြီးမားသည့်အတွက် ဒဏ်ရာရရှိသူဦးရေမှာ ယခုထက် ပို၍
များပြားလာနိုင်ကြောင်း လည်း အာဏာပိုင်များက ပြောသည်။ တောမီးလောင်ရာ ဒေသမှာ တောမီးမလောင်မီက
ဆိုးရွားစွာ မိုးခေါင်မှုဒဏ်ကို ခံစားခဲ့ရသည့်နေရာလည်း ဖြစ်သည်။
အင်န်အိတ်ချ်ကေ
No comments