ဥတ္တရသီရိမြို့နယ်၌ ကျား၊ မ ရေးရာနှင့် ကျား ၊မ အခြေပြု အကြမ်းဖတ်မှုဆိုင်ရာ အသိပညာပေးဟောပြော

 

နေပြည်တော်   ဇန်နဝါရီ   ၂၁

 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ကျား၊မရေးရာ(Gender)နှင့် ကျား၊မ အခြေပြု အကြမ်းဖတ်မှု (GBV)ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး တက်ရောက် အမှာစကားပြောကြားသည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက “အမျိုးသမီးတွေနဲ့ငယ်ရွယ်သူ အမျိုးသမီးငယ်လေး များအား အကြမ်းဖတ်မှုအမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ပေးရန်မှာ အမျိုးသားများသာမက လူ့အဖွဲ့အစည်း အားလုံးတွင် တာဝန်ရှိသလို လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်များနဲ့ ထိရောက်တဲ့ ဥပဒေများလည်း လိုအပ်ပါကြောင်းနှင့် အမျိုးသမီးများကို တန်းတူညီမျှ အခွင့်အရေးမရရှိအောင် ကန့်သတ်ထားသည့် လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးစံအလေ့အကျင့်တွေကို ပြောင်းလဲအောင် လုပ်ဆောင်နိုင်ဖိုလိုကြောင်း” အမှာစကား ပြောကြားသည်။

 

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က လူမှုဝန်ထမ်းလုပ်ငန်းစဉ်များ၊ နေပြည်တော် တရားမျှတမှုစင်တာမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးက ကျား၊ မ အခြေပြု အကြမ်းဖတ်မှုဆိုင်ရာ ဥပဒေများအကြောင်းနှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ် က ကျား၊ မ အခြေပြု အကြမ်းဖတ်မှုဆိုင်ရာ သိကောင်စရာများအား အသိပညာပေး ဟောပြောခဲ့သည်။

 

အောင်ကို(ပြန်/ဆက်)

No comments

Powered by Blogger.