အမေရိကန်ကာကွယ်ရေးဝန်ကြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

 



ဇန်နဝါရီ ၃


အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ၎င်းတွင်ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည်ဟု ပြောကြားခဲ့သည်။


အော်စတင်သည် ၎င်းနေအိမ်တွင် ကိုဗစ်ရောဂါလက္ခဏာပြသလာသဖြင့် ကိုဗစ်ကူးစက်မှုရှိ၊ မရှိစစ်ဆေးရန်တောင်းဆိုခဲ့ကြောင်း ယမန်နေ့ကထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။


ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများ၏ လမ်းညွှန်ချက်များနှင့်အညီ နောက်ငါးရက်ကြာ ကွာရန်တင်းနေထိုင်မည်ဖြစ်ကြောင်းနှင့် ၎င်း၏ရောဂါလက္ခဏာပြင်းထန်မှုမရှိကြောင်း အော်စတင်က ထုတ်ဖော်ပြောကြားသည်။


အော်စတင်က ထိုရောဂါလက္ခဏာစတင်မပြသမီ သီတင်းပတ်တစ်ပတ်ကျော်၊ ဒီဇင်ဘာ ၂၁ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့်နောက်ဆုံးတွေ့ဆုံခဲ့သည်ဟု ဆိုသည်။


ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်းနှင့် အောက်တိုဘာ အစောပိုင်းက ကိုဗစ်အားဖြည့် ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးဖြစ်သည်ဟု အော်စတင်ကပြောကြားသည်။


ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို



No comments

Powered by Blogger.