ဂန့်ဂေါမြို့  လေယာဉ်ကွင်းတွင် ဖွင့်လှစ်ထားသည့်  ယာယီပျံကျဈေးအား မြို့မဈေးကြီးအတွင်းသို့ ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်

 






ဂန့်ဂေါ   ဇန်နဝါရီ   ၃


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ရှိ လေယာဉ်ကွင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ယာယီဖွင့်လှစ်ထားသည့် ပျံကျဈေးကို မြို့မဈေးကြီးဧရိယာအတွင်းသို့ ယနေ့ နံနက်ပိုင်းမှစတင်၍ ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်ပေးခဲ့သည်။


ယခင်က မြို့မဈေးကြီးအတွင်းရှိ ပျံကျဈေးသည်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်ပြီး  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် ယာယီပျံကျ ဈေးအား  လေယာဉ်ကွင်းအတွင်းသို့ (၂၂-၃-၂၀၂၀)ရက်က  ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။


ယခုအခါ ဂန့်ဂေါမြို့အား (၁၁-၁၂-၂၀၂၁) ရက်မှစတင်၍ Stay at Home ဒေသအဖြစ်မှ ကင်းလွတ်ပြီ ဖြစ်သည့်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ဈေးကော်မတီတို့၏ ကြီးကြပ်မှုဖြင့် (၃၁-၁၂-၂၀၂၁)ရက်တွင် ယာယီပျံကျဈေးသည်များအား မြို့မဈေးကြီးဧရိယာအတွင်းသို့ ပြန်လည် ပြောင်းရွှေ့၍ နေရာများသတ်မှတ်ချထားပေးခဲ့ကာ   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်း များနှင့်အညီ ဈေးရောင်းသူများနှင့် ဈေးဝယ်သူများအား ယနေ့ ဇန်နဝါရီ ၃ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ကြောင်း သိရသည်။


မောင်မျိုးမင်း(ယော)

No comments

Powered by Blogger.