ချောင်းသာမြို့၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

 



ချောင်းသာ ဇန်နဝါရီ   ၃


ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးတိုက်ကျွေးထိုးနှံခြင်းကို ဇန်နဝါရီ ၃ ရက် နံနက် ၉ နာရီက မြို့ကြက်ခြေနီ အသင်းခွဲရုံးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထို့သို့ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ချောင်းသာတိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊  ပြင်းထန် အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ (ဘီ)-ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) စသည့်ရောဂါ ကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံပေး ခဲ့ကြသည်။


အဆိုပါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကလေးငယ်များအား အပူချိန်တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများကို လစဉ် လဆန်း(၃)ရက်နေ့၌ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာ(၁)အုပ်စုတို့တွင် ပုံမှန်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


ကျော်ကျော်(ပြန်/ဆက်)



No comments

Powered by Blogger.