လော့စ်အိန်ဂျလိစ် ဇန်နဝါရီ ၂

အမေရိကန်ပြည်ထောင်စု လူဦးရေထူထပ်သည့် ခရိုင်ဖြစ်သည့် လော့စ်အိန်ဂျလိစ်ခရိုင်တွင် ဇန်နဝါရီ ၂၀ ရက်က ကိုဗစ်- ၁၉ နှင့် ဆက်စပ်ပြီး သေဆုံးသူ ၁၀၂ ဦး ရှိခဲ့ရာ ၂၀၂၁ ခုနှစ် မတ်လမှ စတင်ကာ ကိုဗစ် - ၁၉ နေ့စဉ် သေဆုံးမှုအများဆုံးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်မှစတင်ကာ ကိုဗစ်-၁၉ နှင့် ဆက်စပ်ပြီး သေဆုံးမှုနှုန်းမှာ နှစ်ဆတိုးလာခဲ့ကြောင်း လော့စ်အိန်ဂျလိစ် ပြည်သူ့ကျန်းမာရေးဌာနက ပြောသည်။ ဇန်နဝါရီ ၂၀ ရက်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၉၀ ရာခိုင်နှုန်းမှာ ဒီဇင်ဘာ ၂၄ ရက်နောက်ပိုင်းမှ ရောဂါကူးစက်ခံရပြီး သေဆုံးသူများဖြစ်ကြောင်း တွေ့ရ သည်။

ထို့ကြောင့် အိုမီခရွန်မျိုးကွဲကြောင့် ကူးစက်မှုပြင်းထန်ကြောင်း ယူဆဖွယ်ရှိသည်။ ဇန်နဝါရီ ၂၀ ရက်တွင် ကိုဗစ်-၁၉ကြောင့် သေဆုံးသူများအနက် သေဆုံးသူ ၇၀ ရာခိုင်နှုန်းမှာ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ ဖြစ်ကြကြောင်း ပြည်သူ့ကျန်းမာရေးဌာနက ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

လော့စ်အိန်ဂျလိစ်ခရိုင်တွင် တစ်ရက်အတွင်း ကူးစက်ခံရမှုနှုန်းမှာ ၃၃၀၀၀ ခန့် ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဒါရိုက်တာ ဘာဘရာဖာရာက ပြောသည်။

ဆင်ဟွာ