blogger-disqus-facebook
  • Home
    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
    • စီးပွားရေး
    • ဆောင်းပါး
    • အင်တာဗျူး
    • မှုခင်း
    • အားကစား
    • သတင်းစာများ
    • _မြန်မာ့အလင်း
    • _ကြေးမုံ
    • _The Global New Light Of Myanmar
    • English
    Home / အားကစား / ပရီမီယာလိဂ်ပွဲစဉ်(၂၃)မှာ ခြေစွမ်းထက်နေတဲ့ စပါးကို ချယ်ဆီး အနိုင်ယူနိုင်မလား...

    ပရီမီယာလိဂ်ပွဲစဉ်(၂၃)မှာ ခြေစွမ်းထက်နေတဲ့ စပါးကို ချယ်ဆီး အနိုင်ယူနိုင်မလား...

    Myanmar Digital News January 21, 2022 0

     

    ဇန်နဝါရီ  ၂၂

    ယခုတစ်ပတ် ပရီမီယာလိဂ်ပွဲစဉ် (၂၃)မှာ အမှတ်ပေးဇယားအထက်ပိုင်းမှ အသင်းအချင်းချင်း တွေ့ဆုံတဲ့ပွဲစဉ်တွေ ပါဝင်နေတာကြောင့် စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ မန်ယူနှင့်ဝက်စ်ဟမ်း၊ အာဆင်နယ်နှင့်ဘန်လေ၊ ချယ်ဆီးနှင့်စပါးအသင်းတို့နဲ့ တွေ့ဆုံနေတာကြောင့် စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာပါ။

    စပါးအသင်းဟာ ပြီးခဲ့တဲ့ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်နှစ်ကျော့စလုံးမှာ ချယ်ဆီးကို ရှုံးနိမ့်ထားသလို ပရီမီယာလိဂ်မှာ တွေ့ဆုံခဲ့တဲ့ ပထမအကျော့ စပါးအိမ်ကွင်းမှာလည်း ချယ်ဆီးကို ဂိုးပြတ်ရှုံးနိမ့်ထားတာ တွေ့ရတယ်။ ဒါကြောင့် စပါးအသင်းအနေနဲ့ ယခုပွဲစဉ်မှာ အဆိုပါ ရှုံးနိမ့်မှုကို ချေဖျက်ဖို့ ကြိုးစားလာမှာပါ။ ဒါပေမယ့် ချယ်ဆီးအသင်းမှာ မောင့်၊ ဂျော်ဂျင်ဟို၊ လူကာကူတို့ ခြေစွမ်းပြသထားနိုင်ပြီး သွင်းဂိုးတွေ ရရှိထားတာကြောင့် အနိုင်ရဖို့ စပါးအသင်းအနေနဲ့ အခက်တွေ့နိုင်ပါတယ်။ နှစ်သင်းကြားရမှတ်ကွာဟမှု ရှစ်မှတ်ရှိလင့်ကစား စပါးအသင်းက လက်ကျန်သုံးပွဲကစားဖို့ ရှိနေသေးတာကြောင့် စပါးအသင်းရဲ့ခြေစွမ်းက ထက်မြက်နေတယ်လို့ ဆိုနိုင်တယ်။ အထူးသဖြင့် စပါးအသင်းဟာ ပြီးခဲ့တဲ့ လက်စတာအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ကိုကြည့်ရင် ပွဲချိန်ပြည့်ခါနီးမှာ နှစ်ဂိုးဆက်သွင်းယူထားနိုင်တာကို တွေ့ရတယ်။

    မန်ယူအသင်းက ယာယီနည်းပြ ရန်းနစ်ခ်လက်ထက်မှာ ရှုံးပွဲတစ်ပွဲသာ ကြုံတွေ့ထားတယ်ဆိုပေမယ့် ဂိုးသမား ဒီဂီယာသာ လက်စွမ်းပြမကာကွယ်ထားနိုင်ဘူးဆိုရင် ဒီထက်ရှုံးပွဲကြုံတွေ့မယ့် အနေအထား ရှိပါတယ်။ ဒါ့အပြင် မန်ယူအသင်းဟာ ခံစစ်ပိုင်းတည်ငြိမ်မှုအားနည်းသလို ကွင်းလယ်နဲ့ တိုက်စစ်ကလည်း ထက်မြက်ဖို့ လိုနေသေးတာ တွေ့ရတယ်။ ပြိုင်ဘက် ဝက်စ်ဟမ်းအသင်းက ပြီးခဲ့တဲ့ပွဲစဉ်မှာ လိဒ်စ်ကို ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် အသင်းကစားပုံကောင်းမွန်ခဲ့တာ တွေ့ရတယ်။ နှစ်သင်းကြား ရမှတ်ကွာဟမှုက နှစ်မှတ်သာရှိပြီး မန်ယူရော ဝက်စ်ဟမ်းပါ နိုင်ပွဲရရှိရေး ဦးတည်လာမှာဖြစ်တာကြောင့် အကြိတ်အနယ်ရှိမယ့် ပွဲကောင်းတစ်ပွဲပါ။

    ဘန်လေအသင်းက နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံရှစ်ပွဲမှာ နိုင်ပွဲရရှိထားခြင်းမရှိဘဲ သရေလေးပွဲနဲ့ ရှုံးပွဲ လေးပွဲကြုံတွေ့ထားပါတယ်။ အာဆင်နယ်အသင်းကလည်း နောက်ဆုံးလေးပွဲမှာ နိုင်ပွဲပျောက်ဆုံးထားပြီး တစ်ပွဲသရေနဲ့ သုံးပွဲအထိ ရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲမှာ နော်တင်ဟမ်အသင်းကိုရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသလို ကာရာဘောင် ဖလားပြိုင်ပွဲမှာလည်း လီဗာပူးအသင်းကိုရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာထားရပါတယ်။ မည်သို့ပင်ဆိုစေ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားလာမယ့် ဘန်လေအသင်းကို ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ အာဆင်နယ်အသင်း ဟန့်တားသွားနိုင်မလား။

    မိုဇက်

    Tags:
    အားကစား

    အားကစား

    No comments

    Subscribe to: Post Comments ( Atom )

    Blog Archive

    Tags

    Editorial (54) English (19856) The Global New Light Of Myanmar (58) ကျန်းမာရေး (194) ကြေးမုံ (72) ကာတွန်း (166) စီးပွားရေး (2269) ဆောင်းပါး (3083) တွေ့ဆုံမေးမြန်း (71) နိ (1) နိုင်ငံတကာသတင်း (6151) ပညာရေး (188) ပြည်တွင်းသတင်း (29384) မြန်မာ့အလင်း (72) မြေငလျင်သတင်း (81) မှုခင်း (1264) မိုးလေဝသ (4540) ဝတ္ထုတို (65) သဝဏ်လွှာ (1) အင်တာဗျူး (97) အနုပညာရပ်ဝန်း (143) အယ်ဒီတာ့ အာဘော် (708) အားကစား (1132)
  • visitor

    Created By MDN Templates | Distributed By Myanmar Digital News
    Powered by Blogger.