blogger-disqus-facebook
  • Home
    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
    • စီးပွားရေး
    • ဆောင်းပါး
    • အင်တာဗျူး
    • မှုခင်း
    • အားကစား
    • သတင်းစာများ
    • _မြန်မာ့အလင်း
    • _ကြေးမုံ
    • _The Global New Light Of Myanmar
    • English
    Home / ပြည်တွင်းသတင်း / ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တာဝန်ရှိသူများကို လက်ခံတွေ့ဆုံ

    ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တာဝန်ရှိသူများကို လက်ခံတွေ့ဆုံ

    Myanmar Digital News February 16, 2022 0

     


    နေပြည်တော် ဖေဖော်ဝါရီ ၁၇

    တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ဖေဖော်ဝါရီ (၁၅) ရက်၊ မွန်းလွဲ ၁ နာရီတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဇော်ဇော်နိုင်၊ ဦးအောင်ဇော်ဝင်း၊ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်တင်နှင့် တာဝန်ရှိသူများကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လက်ခံ တွေ့ဆုံသည်။

    ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့်် ဘာသာပေါင်းစုံ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်မှု ပြုထားပါကြောင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေဖြင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍတို့တွင် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ စည်ကားသိုက်မြိုက်စေရေး အတွက်လည်း ပံ့ပိုးကူညီစေလိုပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊ တိုင်းပြည်အေးချမ်းသာယာရေး အတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာပေါ်ရှိ ဘာသာတရားအားလုံး၏ အခြေခံသည်  မေတ္တာတရားဖြစ်ပါကြောင်း၊ မေတ္တာတရားမှတဆင့် ငြိမ်းချမ်းရေးရရှိပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်များရှိပါကလည်း အချိန်မရွေးတင်ပြနိုင်ပြီး ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြောကြားသည်။

    ဆက်လက်၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက နိုင်ငံသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိရေး၊ ပညာရည် မြင့်မားတိုးတက်ရေး၊ ငြိမ်းချမ်းရေးတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှတဆင့် ညှိနှိုင်း ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး တင်ပြခဲ့ ကြပြီး နိုင်ငံတော်ငြိမ်းချမ်းသာယာရေးအတွက် အတတ်နိုင်ဆုံး  ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

    (သတင်းစဉ်)    

    Tags:
    ပြည်တွင်းသတင်း

    ပြည်တွင်းသတင်း

    No comments

    Subscribe to: Post Comments ( Atom )

    Blog Archive

    Tags

    Editorial (56) English (22439) Local (9) sport (3) The Global New Light Of Myanmar (58) ကျန်းမာရေး (214) ကြေးမုံ (72) ကာတွန်း (166) စီးပွားရေး (2424) ဆောင်းပါး (3140) တွေ့ဆုံမေးမြန်း (78) နိ (1) နိုင်ငံတကာသတင်း (7201) ပညာရေး (221) ပြည်တွင်းသတင်း (33259) မြန်မာ့အလင်း (72) မြေငလျင်သတင်း (93) မှုခင်း (1275) မိုးလေဝသ (4958) လွှတ်တော် (57) ဝတ္ထုတို (65) သဝဏ်လွှာ (1) အင်တာဗျူး (101) အနုပညာရပ်ဝန်း (144) အယ် (1) အယ်ဒီတာ့ အာဘော် (794) အားကစား (1176)
  • visitor

    Created By MDN Templates | Distributed By Myanmar Digital News
    Powered by Blogger.