blogger-disqus-facebook
  • Home
    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
    • စီးပွားရေး
    • ဆောင်းပါး
    • အင်တာဗျူး
    • မှုခင်း
    • အားကစား
    • သတင်းစာများ
    • _မြန်မာ့အလင်း
    • _ကြေးမုံ
    • _The Global New Light Of Myanmar
    • English
    Home / အနုပညာရပ်ဝန်း / “လူငယ်အားမာန်မိုးထိလျှံ အငြိမ့်”  ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

    “လူငယ်အားမာန်မိုးထိလျှံ အငြိမ့်”  ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

    Myanmar Digital News February 16, 2022 0

     

    နေပြည်တော် ဖေဖော်ဝါရီ ၁၇

     ပြည်သူများ  အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ “ လူငယ်အားမာန်မိုးထိလျှံ အငြိမ့်”    ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၉ ရက်၊ စနေနေ့ ည(၈)နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည်ဖြစ်သည်။

    ယင်းဖျော်ဖြေမှုကို ရွှေရှမ်းအောင်က စီစဉ်ပြီး မြန်မာပြည်သား ပြူးစိန်(ဆိုင်း)၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး ဝမ်းကေဇင်၊ ရှေ့ထွက်မင်းသမီး သွန်းမုဒြာ၊  လူရွှင်တော်များဖြစ်ကြသည့် ဒိုးဒိုး၊ ပြည်ချစ်၊ ဖြိုးကြွယ်နှင့် ကော်ဖီတို့က  ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

    ထိုသို့ တင်ဆက်မှုကို ဖေဖော်ဝါရီ ၂၀ ရက် (တနင်္ဂနွေနေ့) မွန်းလွဲပိုင်း National News အင်္ဂလိပ်ဘာသာ သတင်းအစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

    (သတင်းစဉ်)

    Tags:
    အနုပညာရပ်ဝန်း

    အနုပညာရပ်ဝန်း

    No comments

    Subscribe to: Post Comments ( Atom )

    Blog Archive

    Tags

    Editorial (56) English (22439) Local (9) sport (3) The Global New Light Of Myanmar (58) ကျန်းမာရေး (214) ကြေးမုံ (72) ကာတွန်း (166) စီးပွားရေး (2423) ဆောင်းပါး (3140) တွေ့ဆုံမေးမြန်း (78) နိ (1) နိုင်ငံတကာသတင်း (7201) ပညာရေး (221) ပြည်တွင်းသတင်း (33255) မြန်မာ့အလင်း (72) မြေငလျင်သတင်း (93) မှုခင်း (1275) မိုးလေဝသ (4957) လွှတ်တော် (57) ဝတ္ထုတို (65) သဝဏ်လွှာ (1) အင်တာဗျူး (101) အနုပညာရပ်ဝန်း (144) အယ် (1) အယ်ဒီတာ့ အာဘော် (794) အားကစား (1176)
  • visitor

    Created By MDN Templates | Distributed By Myanmar Digital News
    Powered by Blogger.