ငရုတ်ကောင်းမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာဖြေဆို

 



ငရုတ်ကောင်း     ဧပြီ     ၁


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဧပြီ ၁ ရက် နံနက် ၉ နာရီက အေးချမ်းစွာဖြေဆိုခဲ့ကြသည်။


ငရုတ်ကောင်းမြို့စာစစ်ဌာန၌ အင်္ဂလိပ်စာဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းဖြေ ၇၅ ဦးနှင့် ပြင်ပဖြေ ၁၇ ဦး စုစုပေါင်းဖြေဆိုသူ ၉၂ ဦးရှိကြောင်း ငရုတ်ကောင်းမြို့စာစစ်ဌာနမှ သိရသည်။


ပြုံးမောင်မောင်(ငရုတ်ကောင်း)



No comments

Powered by Blogger.