ပေါက်ခေါင်းမြို့နယ်၌ ပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
ပေါက်ခေါင်း ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဒေသခံတောင်သူများသည် စိုက်ပျိုးရေနှင့် မြေအောက်ရေများဖြင့် ပြောင်းသီးနှံများကို နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စီးပွားဖြစ်စိုက်ပျိုးကြရာ ဆောင်းသီးနှံပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရရှိကြောင်းသိရသည်။
“ပြောင်းဖူး တစ်ဖူးကို အများဈေး ၁၅၀ ကျပ် ရပါတယ်၊ ပြောင်းဖူးမျိုးကတော့ သကြားပြောင်းနဲ့ ကာရာဘိုက်မျိုးတွေကို အဓိကထား စိုက်ပျိုးတယ်၊ ပြောင်းဖူးမျိုးစေ့တစ်ထုပ်ကို ၁၈၅၀၀ ကျပ် ပေးဝယ်ရပါတယ်၊ စိုက်ပြီး ၂ လခွဲကြာရင် ခုတ်ရောင်းလို့ရပြီ၊ တစ်ဧက စိုက်ပျိုးရင် ငွေကျပ်သိန်း ၂၀ ထိရရှိပါတယ်”ဟု ရေဖြူကျေးရွာ ပြောင်းစိုက်တောင်သူ ဦးအောင်စိုးက ပြောပြသည်။
သန်းထွန်းအောင်(ပြန်/ဆက်)


No comments