မတ္တရာမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို
မတ္တရာ ဧပြီ ၁
၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ဧပြီ ၁ ရက်တွင် ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၌ အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့ကြသည်။ မတ္တရာမြို့နယ်ရှိ စာစစ်ဌာနများဖြစ်သည့် အထက(မတ္တရာ)နှင့် အထက(ခွဲ) မတ္တရာ စာစစ်ဌာန နှစ်ခု၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၆၀ ဝင်ရောက်ဖြေဆိုခဲ့ပြီး ခြောက်ဦးထပ်မံပျက်ကွက်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)
No comments