ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့်၊ ငလျင်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားဖွင့်ပွဲကျင်းပ
ရန်ကုန် မေ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်ရှိ ဆရာ၊ ဆရာမ များ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများသည် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ကာကွယ်တားဆီးစီမံခန့်ခွဲ နိုင်ရေးအတွက် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ငလျင် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများက ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ Video clip များ ၊ Power Point များဖြင့် အသိပညာပေးဟောပြောကြသည်။
မေ ၂၉ ရက်တွင် ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးသုံးသပ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။
ယနေ့ အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments