လူနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းအတွက် မွန်ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်
ချောင်းဆုံ မေ ၃၀
၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ချောင်းဆုံမြို့နယ်အတွင်း ပျက်စီးဆုံးရှုံးသွားသည့် လူနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ရန်ပုံငွေထောက်ပံ့ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းတွင် ကျင်းပသည်။
မြို့နယ်အတွင်း နေအိမ်ပြိုကျပျက်စီးသွားသည် နေအိမ်(၁၁)လုံးအတွက် ငွေကျပ် (၂၂)သိန်း ကျပ် အားလည်းကောင်း၊ တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးသွားသည့် နေအိမ်(၆၆)လုံးအတွက် ငွေကျပ် (၃၃)သိန်းအားလည်းကောင်း၊ ဘုန်းတော်ကြီးကျောင်း ပျက်စီးမှုအတွက် ငွေကျပ်(၂)သိန်းနှင့် ဆန်ရိက္ခာ ထောက်ပံ့ခြင်းကို လူဦးရေ (၃၄၈)ဦးအတွက် ငွေကျပ် (၇၃၀၈၀၀)ကျပ် စုစုပေါင်း (၆၄၃၀၈၀၀)ကျပ် ကို သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရန်ပုံငွေထောက်ပံ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က လေပြင်း တိုက်ခတ်မှုကြောင့် မြို့နယ်အတွင်း နေအိမ်ပြိုကျပျက်စီးသွားသည့် နေအိမ်(၁၁)လုံးနှင့် ဘုန်းကြီး ကျောင်း(၁)ကျောင်းအတွက် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့ပေး ခြင်းဖြစ်ကြောင်း ပြောသည်။
ချောင်းဆုံ(ပြန်/ဆက်)
No comments