နယ်စပ်ရေးရာဝန်ကြီးဌာနက ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
ရန်ကုန် မေ ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်မှ ကျောင်းအုပ်ကြီး ဦးထိန်လင်း နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ ကမ္ဘာအေးကုန်းမြေ မိုးကုတ်ဆွမ်းစားဆောင်၌ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ဌာနခွဲတွင် သီတင်းသုံးလျက်ရှိသော သင်ကြား/ စီမံ ဆရာတော်များနှင့် ပြည်တွင်း/ပြည်ပ သာသနာပြုကြမည့် သံဃာတော်အရှင်သူမြတ် ၄၆၂ ပါးတို့အား တစ်နေ့တာ အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုပွဲများနှင့် လှူဖွယ်ပစ္စည်းများအား ကိုဗစ် ၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments