ဇလွန်မြို့နယ်တွင် သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်ကောင်ရေ တစ်သိန်းခွဲ ငါးမျိုးစိုက်ထည့်
ဇလွန် မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် သဘာဝရေပြင်အတွင်းသို့ ငါးသယံဇာတများ ပေါကြွယ်ဝ၍ ငါးရိက္ခာဖူလုံစေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၈ နာရီက ကမ်းနားရပ်ကွက် ကျီးပင်ဆိပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းသို့ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးပိုင်၊ ဇလွန်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နှစ်လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၅၀၀၀၀)၊ ထိုင်းငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၅၀၀၀၀)၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၅၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၁၅၀၀၀၀) ကို ငါးထုတ်လုပ်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)
No comments