မင်းတုန်းမြို့နယ် ကျေးရွာနှစ်ရွာတွင် လျှပ်စစ်မီးရရှိ
မင်းတုန်း မေ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ကင်မွန်းဒေါင့်ကျေးရွာနှင့် ဖြူကန်ကျေးရွာသို့ မေ ၂၈ ရက် နံနက် ၉ နာရီက လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်းနှင့် ကင်မွန်းဒေါင့်ကျေးရွာတွင် ကျေးရွာမီးလင်းရေး ဖွင့်ပွဲပြုလုပ်ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်စိုးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ကျေးရွာမီးလင်းရေးလုပ်ငန်း ဆောင်ရွက်ရာ ကင်းမွန်းဒေါင့်ကျေးရွာတွင် NEP Phase-2 ဖြင့် 11KVA လိုင်း 50KVA ထရန်စဖော်မာ၊ 400V လိုင်းကို တည်ဆောက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဖြူကန်ကျေးရွာ မီးလင်းရေးအတွက် 11KVA လိုင်း 200KVA ထရန်စဖော်မာ 400V လိုင်းဖြင့် ဓာတ်အားပို့လွှတ်နိုင်ပြီဖြစ်၍ ကင်မွန်းဒေါင့်ကျေးရွာရှိ အိမ်ခြေ (၁၀၉)အိမ်နှင့် ဖြူကန်ကျေးရွာရှိ အိမ်ခြေ (၁၅၉)အိမ်တို့အား မဟာဓာတ်အားလိုင်း မင်းတုန်းဓာတ်အားခွဲရုံမှတစ်ဆင့် ချိတ်ဆက်ကာ ကျေးရွာမီးလင်းရေး ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။
မြို့နယ်(ပြန်/ဆက်)
No comments