မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တိုင်းဒေသကြီး ပညာရေးမှူးရုံး ကျောင်းအပ်နှံရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်



မကွေး မေ ၂၉


၂၀၂၂-၂၀၂၃ ပညာသင်နှစ် မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ကျောင်းအပ်နှံရေး သီတင်းပတ် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 


ဦးစွာ အခမ်းအနားကို ကျောင်းသား/ ကျောင်းသူများက “ကျောင်းသွားကြစို့” တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းအပ်နှံရေး သီတင်းပတ် အထိမ်းအမှတ်အခမ်းအနားကို ပညာရေးမြှင့်တင်မှု အစီအစဉ်အရ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အား ရည်မှန်းချက်(၃)ရပ်ဖြင့် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများအား ဇွန် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းဖွင့်နေသည့် ကာလအတွင်း၌လည်း ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်နေမည်ဖြစ်ကာ မိဘများအနေဖြင့် မိမိတို့သားသမီးများအား ကျောင်းအပ်နိုင်သည်ကို အသိပေးပြောကြားလိုပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံပညာရေးအတွက် အခမဲ့ပညာရေးစနစ်နှင့် အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်မူကို  ဖြစ်ထွန်းစေမည့် ပညာရေးစနစ်အသစ်၊ သင်ရိုးညွှန်းတမ်းအသစ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ကျောင်းအဆင့်များကို တိုးမြှင့်ဖွင့်လှစ်ပေးခြင်းနှင့် ကျောင်းအဆောက်အဦအသစ်များ နှစ်စဉ်တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ ကျောင်းဥပဓိရုပ်များ ကောင်းမွန်စေရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ဆရာ/ဆရာမ လိုအပ်ချက်များအား ဖြည့်ဆည်းခန့်ထားပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းရှင်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ အပြည့်အဝ ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် ကျောင်းသား/ ကျောင်းသူများ ရာနှုန်းပြည့် တက်ရောက်သင်ကြားနိုင်ရေးအတွက် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 


ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးသက်လေးဦးက တိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ကျောင်းသား/ ကျောင်းသူများ ကျောင်းလာရောက်အပ်နှံမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ကျောင်းသား/ ကျောင်းသူလေးများမှ “ပညာတတ်ဖို့ ကျောင်းတက်စို့” တေးသရုပ်ဖော်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ် ဦးတင့်လွင်မှ တိုင်းဒေသကြီးအတွင်းရှိ ပညာရေးလုပ်ငန်းများအတွက် အလှူငွေကျပ်(၁၀)သိန်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများအား လည်းကောင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်တို့က ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများအား အသီးသီးပေးအပ်ခဲ့ကြသည်။ 


ယင်းနောက် ကျောင်းသား/ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ တေးသီချင်းများဖြင့် ဖျော်ဖြေသီဆိုခဲ့သည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပညာရေးဆိုင်ရာ အသိပညာပေးဘုတ်များ ပြသထားမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။ 


ကိုစည်သူ(မကွေး)


No comments

Powered by Blogger.