ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ



နေပြည်တော် ဇူလိုင် ၃၀


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ် ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်(၃၀) ရက်အတွင်း ကုမ္ပဏီ (၄) ခု၊ ယာဉ်စီးရေ (၆) စီးဖြင့် နှာခေါင်းစည်း(Mask) (၄၂ ဒသမ ၁၃) တန် တင်သွင်းခဲ့ကြောင်း သိရသည်။ ဇူလိုင် (၁) ရက်မှ (၃၀) ရက်အတွင်း ကုမ္ပဏီ (၂၀၇၃) ခု၊ ယာဉ်စီးရေ (၃၅၆၃) စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) (၄၄၁၀ ဒသမ ၂၇) တန်၊ အောက်ဆီဂျင်အရည် (အိုး) (၁၀၆၂ ဒသမ ၅၇)၊ အောက်ဆီဂျင် ဓာတ်ငွေ့(Bowser)(၇၄ ဒသမ ၃၅)တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုး) (၁၈၉ ဒသမ ၅၇)တန်၊ အောက်ဆီဂျင်အရည်(storage Container/Tank) (၃၁)ခု၊ အောက်ဆီဂျင်အရည် (Distributor) (၁၆)ခု၊ အောက်ဆီဂျင် (အိုးခွံ) (၃၈၁ ဒသမ ၂၅၉) ခု၊ အောက်ဆီဂျင် (Plant) (၅၀၈) ခု၊ ဆေးရုံးသုံး အောက်ဆီဂျင်ဖြည့်စက် (၁၃) ခု၊ အောက်ဆီဂျင်ဖြည့်ကိရိယာ (၁၄) စုံ၊ လုပ်ငန်းသုံးအောက်ဆီဂျင် စက် (Oxygen Genarator) (၁၀၃) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၁၇၉ ဒသမ ၂၅၆)ခု၊  Covid Test kit ( ၆၀၅ ဒသမ ၄၂၉) ခု၊ PPE ဝတ်စုံ(၂၇၁၅ ဒသမ ၅၉၀)၊ လက်အိတ်(၅၃၀ ဒသမ ၃၃၀)တန်၊ နှာခေါင်းစည်း (Mask) (၁၀၁၅၇ ဒသမ ၄၂) တန်တင်သွင်းခဲ့ကြောင်း သိရသည်။


ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများ နှင့်ညှိနှိုင်းထားသည့် SOPများနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန်ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mmတွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.