စလင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်



စလင်း  ဇူလိုင်  ၁၆


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရန်အတွက် ဇူလိုင် ၁၅ ရက်က မြို့နယ်ကြက်ခြေနီအသင်းမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် စလင်းမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်အောင်းမိုးတို့ ဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ စလင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ နဝရတ်စာသင်ဆောင်၊ ပညာ့ရတနာစာသင်နှစ်ထပ်ဆောင်၊ ပညာဗိမာန် နှစ်ထပ်စာသင်ဆောင် အပါအဝင် စာသင်ခန်းပေါင်း (၃၀)အတွင်း၌ ခြင်များခိုအောင်းမနေနိုင်စေရန် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)

No comments

Powered by Blogger.