ကျောက်ဆည်မြို့၌ ရွှေမနောနွေးစပါး စံကွက်ရိတ်သိမ်းရာ တစ်ဧက (၁၂၄.၄၅)တင်းထွက်ရှိ



ကျောက်ဆည်  ဇူလိုင်  ၁၆


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သင်တောင်းကျေးရွာ တောင်သူ ဦးမောင်မောင်ညွှန့် ကွင်းအမှတ်(၁၄၇)တွင်  ဆည်ရေဖြင့်စိုက်ပျိုးထားသော ရွှေမနော် နွေးစပါးစိုက်ဧက ၅.၂၃ ဧကအား ယနေ့နံနက် ၉ နာရီက စံကွက်ရိတ်သိမ်းရာ တစ်ဧကစပါးအခြောက်(၁၂၄.၄၅)တင်း ထွက်ရှိကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်အနေဖြင့် နွေစပါးများကို မင်းရဲစိုက်ပျိုးရေး နည်းပညာစင်တာတွင် ဇော်ဂျီ ဆည်ရေသောက်စနစ်ဖြင့် (၁၀၀)ဧက၊ ကင်းတား ဆည်ရေသောက်စနစ်ဖြင့် (၅၃)ဧက၊ သင်းတွဲ စိုက်ပျိုးရေးနည်းပညာစင်တာတွင် ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် (၂၅၀)ဧက၊ တမုတ် စိုက်ပျိုးရေး နည်းပညာစင်တာတွင် ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် (၁၅၀)ဧက စုစုပေါင်း(၅၅၃)ဧက စိုက်ပျိုးခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)

No comments

Powered by Blogger.