ကြံခင်းမြို့တွင် အခြေခံစက်ချုပ်သင်တန်း (၂/၂၀၂၂) ဆင်းပွဲ အခမ်းအနားကျင်းပ



ကြံခင်း ဇူလိုင် ၃၁


သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊  ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းပြီ  အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း(၂/၂၀၂၂)ဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက  မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတတ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုအခြေခံစက်ချုပ်သင်တန်း(တစ်လ)ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့်  သင်တန်းသူ အမျိုးသမီးများ အိမ်တွင်လက်မှု စီးပွားရေး အလုပ်အကိုင်တခုရရှိပြီး  မိမိမိသားစုဘဝမြင့်မားရေး ဆောင်ရွက်နိုင်ပြီး  တီထွင်ဉာဏ်ဖြင့်တိုးတက်အောင်ကြိုးစားကြဖို့ ပြောကြားသည်။


ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတတ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးယဉ်မင်းဦးက ယနေ့အခြေခံစက်ချုပ်သင်တန်းဆင်းပွဲတွင် သင်တန်းတက်ရောက်အောင်မြင်သူအမျိုးသမီး(၁၇)ဦးရှိကြောင်းနှင့် ထူးချွန်စွာတတ်မြောက်သော အမျိုးသမီး(၅)ဦးအား ဆုချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် မိမိတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုရရှိပြီး တစ်နိုင်တစ်ပိုင်စီးပွားရှာဖွေနိုင်တော့မှာဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက်အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းတွင်  ထူးချွန်သောသင်တန်းသူများအား ဆုများချီးမြှင့်ပေးအပ်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ပြီးနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူးဦးယဉ်မင်းဦးမှ သင်တန်းနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ သင်တန်းဆင်းပွဲသို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်၊ မြိုနယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတတ်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူးဦးယဉ်မင်းဦးနှင့် တာဝန်ရှိသူများ၊ မြိုနယ်ဌာနဆိုင်ရာများနှင့်  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးဒေါ်မျိုးသီတာမြင့်နှင့် အဖွဲ့ဝင်များ၊သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်းသူများတက်ရောက်ကြကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)


No comments

Powered by Blogger.