ပင်းတယမြို့နယ်၌ နှမ်းလုံးဆီထွက်သီးနှံများ ဧကအများအပြားစိုက်ပျိုး




ပင်းတယ ဇူလိုင် ၃၁


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ကုန်းသာကျေးရွာနှင့်ပဲယင်းတောင်ကျေးရွာများတွင် နှမ်းလုံး ဆီထွက်သီးနှံပျိုးပင်များယခုအခါ ဧကအများအပြား စတင်စိုက်ပျိုးနေပြီဖြစ်သည်။


အဆိုပါဆီထွက်သီးနှံနှမ်းလုံးပျိုးပင်များအားဒေသနေ ပြည်သူများက မိရိုးဖလာစိုက်ပျိုးမြေဧကများ၌မိုးရာသီသီးနှံများဖြစ်သည့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီ၊ ခရမ်းချဥ်၊ မှုန်ညင်းစသည့် သီးနှံများ စိုက်ပျိုးခူးဆွတ်ရောင်းချပြီးချိန်ဆောင်းသီးနှံဖြစ်သည့် ပန်းနှမ်းလုံးစေ့သီးနှံများစိုက်ပျိုးကြခြင်းဖြစ်သည်။ နှမ်းလုံးမျိုးစေ့များစိုက်ပျိုးရာတွင် နွားချီးခြောက်၊ မြေသြဇာ၊ ထွန်ယက်ခြင်းနှင့်စိုက်ပျိုးခြင်းအလုပ်သမားငှားရမ်းခများ အပါအဝင်  စုစုပေါင်းစိုက်ပျိုးကုန်ကျ စရိတ် ၈ သိန်း ( ၈၀၀၀၀၀)ခန့်ရှိကြောင်းသိရသည်။   


နှမ်းလုံး တစ်ဧကလျှင် ပိသာချိန် (၂၀၀)  မှ(၂၅၀ ) ကျော်ထွက်ရှိပြီး၊ စိုက်ပျိုးပြီး  (၄)လ ခန့်အကြာတွင်ရိတ်သိမ်း ခူးဆွတ်နိုင်ပြီဖြစ်ကြောင်းနှင့် နှမ်းလုံးစေ့ တစ်ပိသာလျှင်ငွေကျပ် ( ၁၁၀၀၀)ကျပ်နှူန်းရရှိပြီး၊ တစ်ဧက စိုက်ပျိုးထားလျှင် ငွေကျပ်(၂၅ )သိန်း ခန့်ရရှိသည့်အတွက် ယခုအခါ နှမ်းလုံးများ ဧကချဲ့ထွင် ပိုမိုစိုက်ပျိုးလာခြင်းဖြစ်ကြောင်း၊  စိုက်ပျိုး တောင်သူတစ်ဦးထံမှ သိရသည်။


ခရိုင်ပြန်/ဆက်


No comments

Powered by Blogger.