ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်များ ရန်ကုန်မြို့တော်ဝန်ကြည့်ရှုစစ်ဆေး



ရန်ကုန် ဇူလိုင် ၃၀


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့ နံနက် ၇ နာရီခွဲတွင် တောင်ဥက္ကလာပမြို့နယ်၊ ၁၅ ရပ်ကွက်၊ သံသုမာလမ်းမပေါ်ရှိ ရေပေါက်ကြည်ချောင်း ရေထိန်းတံခါးသို့ သွားရောက်၍ ဒီရေတက်ချိန် ရေထိန်းတံခါးပိတ်၍ ငမိုးရိပ်ချောင်းအတွင်းသို့ ရေစုပ်ထုတ်နေမှုနှင့် ရေထိန်း တံခါးဝန်းကျင် မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ် ၆ ရပ်ကွက် သစ္စာလမ်းရှိ ကျိုက္ကဆံချောင်းအတွင်း အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှုကို လည်းကောင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှုရတနာလမ်းရှိ ခုနှစ်ပင်လိမ်း ချောင်းရေထိန်း တံခါးကို၏ပိတ်၍ ရေစုပ်စက် တစ်လုံးလျှင် တစ်နာရီ ရေဂါလန် ၃၃၀,၀၀၀ စုပ်ယူနိုင်သည့် Flood Control Pump (၂) လုံးဖြင့် ရေစုပ်ထုတ်နေမှုကိုလည်းကောင်း၊ တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက် နတ်ချောင်းအတွင်းမှ အမှိုက်နှင့် နုန်းများကို Excavator ဖြင့် ဆယ်ယူရှင်းလင်း နေမှုကိုလည်းကောင်း၊  သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ အတွင်းရှုခင်းသာလမ်းရှိ အတွင်းရှုခင်းသာ ဝန်ထမ်းအိမ်ရာ အားကစားကွင်း မြေညှိပြုပြင်နေမှုနှင့် ခြံစည်ရိုး ပြုပြင်နေမှုကိုလည်းကောင်း၊ အတွင်းရှုခင်းသာလမ်း တစ်လျှောက်အမှတ်(၅) မြစ်ထွက်ပေါက် စီးဆင်းသည့် အုတ်ရေမြောင်း မြေထိန်းနံရံနှင့် Manhole ပါ မြောင်းဖုံး Slab တည်ဆောက်ပြီးစီးမှု၊ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ အုတ်ရေမြောင်းနှင့် လမ်းအကြား လမ်းသား တိုးချဲ့ရန်  မြေညှိပြုပြင်နေမှုကိုလည်းကောင်း၊ ရှုခင်းသာရပ်ကွက်၊ ရှုခင်းသာမြို့ပတ်လမ်းပေါ်ရှိ အမှတ် (၄) မြစ်ထွက်ပေါက် ရေမြောင်းတွင် အမှိုက်များ၊ နုန်းများ ဆယ်ယူရှင်းလင်း ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

(သတင်းစဉ်)

No comments

Powered by Blogger.