၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်
နေပြည်တော် ဇူလိုင်
၁၅
၂၀၂၂ ခုနှစ်ဝန်ကြီးဌာနပေါင်းစုံ
(အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း
(B)ရုံ၌ ဆက်လက်ကျင်းပလျက်ရှိသည်။
ဇူလိုင် ၁၄ ရက် နံနက် ၈ နာရီမှစတင်၍ (အမျိုးသမီး) ပြိုင်ပွဲ
ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန အသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့်
လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို
သုံးပွဲပြတ်ဖြင့် လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိကြပြီး (အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာန အသင်းက နယ်စပ်ရေးရာ
ဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းက
ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာနအသင်းက
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန အသင်းကို သုံးပွဲ - နှစ်ပွဲဖြင့် လည်းကောင်း
ယှဉ်ပြိုင်အနိုင်ရရှိမှုများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်နှင့်
တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဘော်လီဘော အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ
(အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို ဇူလိုင် ၄ ရက်မှ ၁၈ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌
နေ့စဉ်နံနက် ၈ နာရီမှစတင်၍ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ရာ ဘော်လီဘောအားကစားနည်းကို
စိတ်ပါဝင်စားသည့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
အားကာမောင်
No comments