လယ်ယာသုံးစက်ကိရိယာပစ္စည်းများတင်သွင်းခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇူလိုင် ၂၈
လယ်ယာသုံး စက်ကိရိယာပစ္စည်းများ တင်သွင်းခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ Virtula စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း က JICA , Two Step Loan စီမံကိန်း Steering Committee အစည်းအဝေးတွင် ကုမ္ပဏီလုပ်ငန်းရှင်များတင်ပြခဲ့သည့် လယ်ယာသုံး စက်ကိရိ ယာများ သွင်းကုန်လိုင်စင်ရရှိရန်နှင့် နိုင်ငံခြားငွေပေးချေရန်အတွက် အခက်အခဲများကို ကူညီဆောင်ရွက်ပေးရန်ကိစ္စနှင့် ပတ်သက်၍ လယ်ယာသုံး စက်ကိရိယာများအတွက် လက်ရှိ လျှောက်ထားသော သွင်းကုန်လိုင်စင်ကို စိစစ်ခွင့်ပြုမှု၊ လုပ်ငန်းရှင်များ အဆင်ပြေချောမွေ့စေ ရေးအတွက် လယ်ယာသုံးစက်ကိရိယာများအား သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမှ ကင်း လွတ်ခွင့်ပြုရန် ဆောင်ရွက်မှု၊ လိုင်စင်သက်တမ်း ပြင်ဆင်သတ်မှတ်မှုနှင့် လယ်ယာလုပ်ငန်းသုံး အပြင် အခြားလုပ်ငန်းကဏ္ဍများတွင်ပါ အသုံးပြုနိုင်သည့် စက် ပစ္စည်းနှင့် အပိုပစ္စည်းများ တင်သွင်းမှုကိစ္စတို့ကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသူများမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာသုံး စက်ကိရိယာတင်သွင်းမှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို တင်ပြမေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments