ကျောက်ဆည်မြို့နယ်တွင်နှမ်းစိုက်တောင်သူများအထွက်နှုန်းကောင်းပြီးဈေးကောင်းရသဖြင့် အဆင်ပြေလျက်ရှိ



ကျောက်ဆည်၊ ဇူလိုင် ၃၁

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်အတွင်းရှိနှမ်းစိုက်တောင်သူများအပင်ဖြစ်ထွန်းပြီး ထွက်နှုန်းကောင်းကာ ရောင်းချရာတွင်ဈေးကောင်းရသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက် ရှိကြောင်းသိရှိရသည်။

နှမ်းစိုက်ပျိုးရာတွင် မြေကိုညက်အောင်ဦးစွာပြုပြင်ပြီးမှ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် ပတ်ကျဲစနစ်၊တန်းဆွဲစနစ်အမျိုးမျိုးစိုက်ပျိုးနိုင်၍ ပတ်ကျဲစနစ်ဖြင့်စိုက်ပျိုးပါက တစ်ဧကနှမ်းမျိုး(၃)ပြည် ခန့်၊ တန်းဆွဲစနစ်ဖြင့် စိုက်ပျိုးပါကနှမ်းမျိုး(၂)ခန့် အသုံးပြုရကြောင်း၊ စိုက်ပျိုးပြီး(၁၈)ရက်အကြာတွင် ပေါင်းနှုတ်ခြင်းနှင့် နှမ်းသားခွဲခြင်းလုပ်ငန်းများလုပ်ဆောင်ပေးရကြောင်း၊ လိုအပ်ပါကဆေးဖျန်းခြင်း၊ ပုလဲမြေဩဇာသင့်တင့်စွာကျွေးပေးရကြောင်းနှင့် နှမ်းတစ်ဧတွင် အပင်အပြုအစု၊ရာသီဥတုနှင့် မြေအမျိုး အစားအပေါ်မူတည်ပြီး တစ်ဧက(၁၄)တင်းမှ(၂၀)တင်းအထိထွက်ရှိကြောင်း မြောင်းဦးကျေးရွာမှ တောင်သူ ဦးမောင်ဌေးကပြောပြသည်။

နှမ်းများရိတ်သိမ်းရာတွင် တလင်းနှမ်း(မြေပြင်တွင်အပင်လိုက် လှမ်းသည့်နှမ်း) နှင့် ထောင်နှမ်း (အပင်များစုစည်းပြီးသုံးပွင့်ဆိုင်ထောင်သည့်နှမ်း)ဟူ၍ နှစ်မျိုးရှိကြောင်း၊ တလင်းနှမ်းသည် မြေပြင်တွင် လှန်းသဖြင့် ထောင်နှမ်းမျိုးနှင့်ယှဉ်ပါက သန့်ရှင်းမှုနည်းသောကြောင့် ရောင်းချရာတွင် အနည်းငယ် ဈေးလျော့ကြောင်းနှင့် နှမ်းတစ်တင်းပေါက်ဈေးမှာငွေကျပ်(၇၇၀၀၀)ဖြင့် ရောင်းရပြီးဆီကြိတ်ရောင်းချပါ (၇)ပိဿာခွဲရရှိကာ ရောင်းဈေးအနေဖြင့် တစ်ပိဿာတစ်သောင်းကျပ် ရောင်းချရသဖြင့် နှမ်းစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်းသိရှိ ရသည်။


သက်မောင်(ကျောက်ဆည်)


No comments

Powered by Blogger.