ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်




ဟိုပုံး   ဇူလိုင် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

အသိပညာပေးဆောင်ရွက်ရာတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ယာဉ် ထိန်းတပ်ဖွဲ့တို့ပူးပေါင်း၍ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်း သည့်ပြည်သူများနှင့် မေးသိုင်းကြိုး တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ဆိုင်ကယ်စီးဦးထုပ်များကို ဆောင်းကြရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် သိရှိလိုက်နာရမည့်အချက်များ၊ မော်တော်ဆိုင်ကယ်အသုံးပြုရာတွင် ပေါ့ဆစွာ အသုံး ပြုခြင်းကြောင့် စက္ကန့်ပိုင်းအတွင်းဆုံးရှုံးသွားသော အသက် အန္တရာယ်များ၊ ညအချိန်တွင် ဆိုင်ကယ်များ မီးဖွင့်မောင်းနှင်သွားလာကြရန်၊ လမ်းအသုံးပြုခြင်းနှင့် ပတ်သက်၍ လိုက်နာသင့်သည့် အချက်တို့ကို အသိပညာပေး‌ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ပအိုဝ်းဒေသ(ပြန်/ဆက်)


No comments

Powered by Blogger.