ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၄)၏ သင်တန်းဖွင့်အခမ်းအနား တက်ရောက်




နေပြည်တော် ဩဂုတ် ၁


နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၄) သင်တန်းဖွင့်အခမ်းအနားကို  ယနေ့ နံနက် ၈ နာရီခွဲတွင် အဆိုပါ တက္ကသိုလ်ရှိ ရတနာ ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက် မြန်မာပြည်)မှ ပါမောက္ခချုပ် ဦးကျော်စိုး၊  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဒုတိယ ပါမောက္ခချုပ် များနှင့် ဆရာ၊ ဆရာမများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ တက္ကသိုလ်သင်ကြား စီမံဌာနများ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က ယခုသင်တန်းသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများကို စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊ ယုံကြည်ချက်၊ ပိုမိုကောင်းမွန်လာစေပြီး နိုင်ငံ့ဝန်ထမ်းများ သိရှိရမည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ပြည်တွင်း၊ ပြည်ပနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများ သိရှိစေရန်၊ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် ခေါင်းဆောင်မှု သဘောတရားများကို သိရှိနားလည်စေရန်၊ အမျိုးသားရေးအမြင်ရရှိစေရန်၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံသဘောတရား များကို သိရှိနားလည်စေရန်၊ ပြည်သူတွေကို ဝန်ဆောင်မှု ပေးရာတွင် လျင်မြန်အားကောင်းပြီး၊ အဂတိ တရားကင်းရှင်းစွာ၊ ခွဲခြားဆက်ဆံမှုကင်းရှင်းစွာဖြင့် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဝန်ဆောင်မှု ပေးနိုင်စေရန် ရည်ရွယ်၍ စတုတ္ထအကြိမ်မြောက်အဖြစ် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။

သင်တန်းများအနေဖြင့် သင်တန်းတွင် သတ်မှတ်ထားရှိသည့် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး သတ်မှတ်ထားသော စည်းကမ်းများ၊ သင်တန်းဆိုင်ရာ စည်းကမ်း၊ တည်မြဲအမိန့်၊ ဒေသန္တရ အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာပြီး မိမိဌာနအဖွဲ့အစည်း၏ ဂုဏ်သိက္ခာမြှင့်တင် နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားအားထုတ် ကြရန် မှာကြားသည်။ 


အဆိုပါ သင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသား(၁၂၆)ဦး၊ သင်တန်းသူ           (၁၁၅)ဦး၊ စုစုပေါင်း(၂၄၁)ဦးတို့ တက်ရောက်ပြီးသင်တန်းကာလမှာ ဩဂုတ် ၁ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ရက်သတ္တ ( ၁၀ )ပတ် ကြာမြင့်မည်ဖြစ်သည်။


ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်သည် တက္ကသိုလ်တွင်ဆောင်ရွက် လျက်ရှိသော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် တည်ဆောင်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး သည်။ ထို့နောက် တက္ကသိုလ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တက္ကသိုလ်အုပ်ချုပ်ရေးဆိုင်ရာနှင့် လေ့ ကျင့်သင်ကြားရေးဆိုင်ရာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။


(သတင်းစဉ်)


No comments

Powered by Blogger.