“(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှု မြန်မာ့ရုပ်မြင်သံကြား၌ ဆက်လက်ပြသမည်
နေပြည်တော် ဩဂုတ် ၃
လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွား စေရန်အပြင် ဇာတ်သဘင် ကြိုက်နှစ်သက်ကြသည့် မိဘပြည်သူများအတွက် “(၃၈)ဖြာမင်္ဂလာ အစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက်နေ့မှစတင်၍ အပတ်စဉ်စနေနေ့တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
အဆိုပါ (၃၈)ဖြာမင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေးအတွက် အဆုံးအမများစွာပါဝင် သည့် သိပ္ပဥ္စ (အပြစ်ကင်းသော နှုတ်မှု လက်မှုပညာတို့ တတ်မြောက်ကူညီခြင်း) နှင့် သောဝစဿတာ (ဆိုဆုံးမလွယ်သူဖြစ်ခြင်း) အစီအစဉ်ကို ဩဂုတ် ၆ ရက် စနေနေ့ည ၉ နာရီတွင် ဆက်လက်ပြသမည် ဖြစ်သည်။
ယင်းတင်ဆက်မှုကို ရွှေနန်းတင်မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော်ပြီး ရန်ကုန်ဓူဝံတေးဂီတအဖွဲ့၏တီးခတ်မှုနှင့်အတူ ရွှေဘုန်းကံ၊ ထက်မြက်အောင်၊ ရန်ရှင်းမောင်၊ ဖူးပွင့်ရွှေရည်လှိုင်၊ ပန်းကဗျာနှင့် သဘင်ပညာရှင်များ၊ အနုပညာရှင်များက ပါဝင်တင်ဆက်ကြ မည် ဖြစ်သည်။
ထို့အပြင် ဩဂုတ် ၁၀ရက်၊ ဗုဒ္ဓဟူးနေ့နှင့် ဩဂုတ် ၁၁ရက်၊ ကြာသပတေးနေ့များတွင် ညနေ ၆ နာရီ သတင်းအပြီး၌ ယင်းအစီအစဉ်များကို တစ်ပိုင်းစီခွဲခြား၍ ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments