“ ဂန္ထဝင်သံစဉ်” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်



နေပြည်တော်၊ ဩဂုတ် ၃


ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ Friday Night Live Show အဖြစ် တင်ဆက်မည့် “ဂန္ထဝင်သံစဉ်” တေးဂီတဖျော်ဖြေပွဲကို  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏     MRTV-HD Channel မှ ဩဂုတ် ၅ ရက် ၊  သောကြာနေ့ ည(၈)နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသမည်ဖြစ်သည်။


ယင်းအစီအစဉ်တွင် မြန်မာ့အသံဆိုင်းဝိုင်းကြီးနှင့် သံစုံတီးဝိုင်းတို့၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များ ဖြစ်ကြသည့် နန်းဝင်း၊ ချမ်းဟိန်းဝင်းထွန်း၊ မင်းသားလေး၊ ယဉ်ဝေယံထွန်း၊ ခရမ်းကြည်ကြည်မာ၊ နေခြည်၊ ရွှေဖြူ၊ သဒ္ဒါဖြူ၊ မြတ်နိုးစံနှင့် ဝမ်းကေဇင် တို့က ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။


ထိုသို့ တင်ဆက်မှုကို ဩဂုတ် ၇ ရက်၊ (တနင်္ဂနွေနေ့) နံနက်၁၀နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.