ဆင်ပေါင်ဝဲမြို့၌ သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါလူနာများအား အခမဲ့ဆေးကုသပေး



ဆင်ပေါင်ဝဲ ဩဂုတ် ၁၉


မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ဓမ္မာရုံ၌ ဩဂုတ် ၁၉ ရက်က မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီနှင့် ကျန်းမာရေးဝန်ထမ်းများမှ Non Communi cable disease(NCD) သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါလူနာများအား အခမဲ့ ဆေးကုသစစ်ဆေး ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် အသက် ၄၀ နှင့်အထက် (၅၅) ယောက်တွင် သွေးတိုးသီးသန့် လူနာ ၄၆ ယောက်တွေ့ရှိခဲ့ပြီး ဆီးချို သွေးတိုးတွဲ (၂၀)ယောက်တွေ့ရှိခဲ့သည်။


အဆိုပါ လူနာများအား သွေးပေါင်ထိန်းဆေးနှင့် ဆီးချိုဆေးများအား အခမဲ့ပေးဝေခဲ့ပြီး ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး boostet dose မထိုးနှံရ​သေးသည့်သူများလည်း တပါတည်း ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)

No comments

Powered by Blogger.