မုဒုံမြို့နယ်၌ မိုးစပါးစိုက်ဧက ၇၈၀၀၀ ကျော် စိုက်ပျိုးပြီးစီး



မုဒုံ       သြဂုတ်      ၂၀


မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် လျာထားချက် ၇၆၇၇၅  ဧကရှိပြီး ယခုအချိန်တွင် ၇၈၁၂၂ ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်၍ လျာထားချက်ထက်  ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း မုဒုံမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ မုဒုံမြို့နယ်တွင် ပေါ်ဆန်ရင် စပါးအမျိုးအစားကို အဓိကထားစိုက်ပျိုးကြပြီး တစ်ဧက တင်း ၁၀၀ ထွက်ရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သားငယ်(မုဒုံ)

No comments

Powered by Blogger.