လယ်ဝေးမြို့နယ်ရှိ ကုန်ထုတ်လုပ်ငန်းရှင်များနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး တွေ့ဆုံ
နေပြည်တော် ဩဂုတ် ၁၉
နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ကုန်ထုတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက လယ်ဝေးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထိန်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကား ပြောကြားပြီး ကုန်ထုတ်လုပ်ငန်းရှင်များက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ငှက်ပျောတောကျေးရွာရှိ ဦးစိန်ဝင်း၏ ချမ်းမြေ့ပါစေ စွန့်ပစ်ပလတ်စတစ်ပစ္စည်းမှ ကော်စေ့ထုတ်လုပ်သည့် အလုပ်ရုံသို့ သွားရောက်ကြည့်ရှုရာ ပိုင်ရှင် ဦးစိန်ဝင်းက စွန့်ပစ်ပလတ်စတစ် ပစ္စည်းများ စုဆောင်းထားရှိမှု၊ ကော်စေ့ထုတ်လုပ်မှု လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က အဆင့်မြင့် ထုတ်ကုန်ပစ္စည်းများနှင့် အစားထိုးပစ္စည်းများ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်နိုင်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
No comments