လားရှိုးမြို့၌ မှတ်ပုံတင်မဲ့ဆိုင်ကယ်များအား SHN အမှတ်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေး

 



လားရှိုး ဩဂုတ် ၁၉


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မှတ်ပုံတင်မဲ့ဆိုင်ကယ်များအား သတ်မှတ်ဒဏ်ကြေး ပေးဆောင်စေပြီး ဒေသအမှတ်သင်္ကေတ SHN ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးလျက်ရှိသည်။


မှတ်ပုံတင်မဲ့ဆိုင်ကယ်များကို စုပေါင်းအဖွဲ့ (OSS) စနစ်ဖြင့် ဩဂုတ် ၈ ရက်မှ ၁၁ ရက်အထိ လားရှိုးကွန်ပျူတာ တက္ကသိုလ်၊ ဩဂုတ် ၁၂ ရက်မှ ၁၅ ရက်အထိ လားရှိုးတက္ကသိုလ်၊ ဩဂုတ် ၁၆ ရက်မှ ၁၇ ရက်အထိ လားရှိုးပညာရေး ဒီဂရီကောလိပ်၊ ဩဂုတ် ၁၈ ရက်မှ ၁၉ ရက်အထိ လားရှိုး နည်းပညာ တက္ကသိုလ်တို့တွင်  ပြုလုပ်ပေးခဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများအား  ဩဂုတ် ၂၂ ရက်မှ ၂၆ ရက်အထိ၊ ဒေသခံပြည်သူများအား ဩဂုတ် ၂၉ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ  လားရှိုးမြို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


လိုင်စင်မဲ့ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ရာတွင် နိုင်ငံ့ဝန်ထမ်းဖြစ်ပါက မှတ်ပုံတင် (မူရင်း/မိတ္တူ)၊ ဝန်ထမ်းကတ် (မူရင်း/မိတ္တူ)၊ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံချက်၊ ကျောင်းသား ကျောင်းသူများ ဖြစ်ပါက မှတ်ပုံတင် (မူရင်း/မိတ္တူ)၊ ကျောင်းထောက်ခံစာ၊ ဒေသခံပြည်သူများအနေဖြင့်  မှတ်ပုံတင် (မူရင်း/မိတ္တူ)၊ အိမ်ထောင်စုစာရင်း (မိတ္တူ) သို့မဟုတ် ရပ်ကွက်တွင် နေထိုင်ကြောင်း ထောက်ခံစာ စသည့် အထောက်အထား ပါရှိလာရမည်ဖြစ်ကြောင်း သိရသည်။


စိုင်းထွန်း(လားရှိုး)




No comments

Powered by Blogger.