“ ငါးသယံဇာတထိန်းသိမ်းရေး” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ



နေပြည်တော်၊ ဩဂုတ် ၃


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဦးစီးဌာနများအကြား မတူညီသော လုပ်ငန်းသဘော သဘာဝများကို အပြန်အလှန်နားလည်စေပြီး အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ကြ စေရန် လစဉ် ပထမပတ် ဗုဒ္ဓဟူးနေ့များ ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော်ရုံးအမှတ်(၁၅)ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ငါးသယံဇာတထိန်းသိမ်းရေး  ခေါင်းစဉ်ဖြင့် ကျင်းပသည်။


 အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက် ကြသည်။


အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က အဖွင့်အမှာစကား ပြောကြားသည်။


ထို့နောက် ငါးသယံဇာတထိန်းသိမ်းရေး စကားဝိုင်းဆွေးနွေးပွဲကို  ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြား ရေးမှူး  ဦးလွှမ်းမိုးဇော် က အစီအစဉ်မှူးအဖြစ် တာဝန်ယူ၍၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင် က ရေလုပ်သားများမှ ငါးသယံဇာတမပျက်စီးအောင် လိုက်နာရန်ဌာနမှ ဆောင်ရွက်ထားရှိမှု လုပ်ငန်းများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမိုး က မွေးမြူရေးကဏ္ဍမှ ရေချို ငါးသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်နေမှုကို လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းမင်းစိုး က Vessel Monitoring System-VMS စနစ်ဖြင့် တရားမဝင် ငါးဖမ်းဆီးမှုများကို တားဆီးကာကွယ်၍ ငါးသယံဇာတများ ထိန်းသိမ်းကာကွယ် ဆောင်ရွက်နေမှု ကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကိုကို က လက်ရှိမြန်မာနိုင်ငံ၏ ငါးမျိုးရင်းမျိုးစိတ်များ ထိန်းသိမ်းထားရှိမှုကိုလည်းကောင်း၊ မွေးမြူရေးနှင့် သုတေသနဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးသိန်းဦး က မွေးမြူရေးသုတေသနဦးစီးဌာန၏ အသားကဏ္ဍနှင့် ငါးကဏ္ဍ တိုးတက်ရေးအတွက် ဆောင်ရွက်မှုကိုလည်းကောင်း ဆွေးနွေးကြရာ အခမ်းအနားတက်ရောက် လာ သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.