နောင်တရား၌ ခရမ်းချဉ်သီး ဈေးကောင်းပြန်လည်ရရှိ

 



နောင်တရား  ဩဂုတ်  ၁၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နှင့် အနီးဝန်းကျင် ကျေးရွာများတွင် ကုန်စိမ်းသီးနှံအဖြစ် စိုက်ပျိုးသည့် ခရမ်းချဉ်သီးများ ဈေးပြန်လည် ကောင်းမွန်လာခြင်းကြောင့် ခရမ်းချဉ်သီးစိုက် တောင်သူများ စီးပွားရေးပြန်လည်အဆင်ပြေလာကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။


ခရမ်းချဉ်သီးများကို ပျိုးပင်မှ အသီးခူးစွတ်နိုင်သည်အထိ တစ်ဧကလျှင် ကျပ် သိန်း ၂၀ ကုန်ကျ လျက်ရှိပြီး ၂၅၀ အိတ်ခန့် ထွက်ရှိခြင်းကြောင့် ကျပ်သိန်း ၅၀ အထိ ရရှိသည်။ ခရမ်းချဉ်သီး အနိမ့်ဆုံး ဈေး တစ်ပိဿာ ကျပ် ၃၀၀ ရမှသာ အကျိုးအမြတ် အနည်းငယ် ရရှိမည်ဖြစ်ပြီး ယခုပေါက်ဈေး ကျပ် ၇၀၀ မှ ၉၀၀ အထိ ရရှိနေသည့်အတွက် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကုန်စိမ်းသီးနှံများကို အောင်ပန်းကုန်စည်ဒိုင်နှင့် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။


ခွန်အောင်(နောင်တရား)




No comments

Powered by Blogger.