ဂျပန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၅၅၅၃၄ ဦး ထပ်မံတွေ့ရှိသဖြင့် ကူးစက်မှုစံချိန်တင်မြင့်တက်

 



ဩဂုတ် ၁၉


ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၅၅၅၃၄ ဦး ထပ်မံတွေ့ရှိခဲ့ရာ ရောဂါကူးစက်မှု စံချိန်တင်မြင့်တက်ခဲ့သည်။


နိုင်ငံတစ်ဝန်းတွင် ခရိုင် ၄၇ ခုရှိသည့်အနက် ၂၁ ခုတို့တွင် ရောဂါနေ့စဉ်ကူးစက်မှုအမြင့်မားဆုံးဖြစ်ပွားခဲ့သည်။


ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၈၇ ဦး ထပ်မံသေဆုံးခဲ့သည်။ အသက်ရှူအထောက်အကူပြု ကိရိယာတပ်ဆင်ထားသူဦးရေ ၆၁၀ ရှိသည်။


မြို့တော်တိုကျိုတွင် ယမန်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူ ၂၇၄၅၃ ဦး ထပ်မံတွေ့ရှိကြောင်း မြို့တော်အစိုးရက အတည်ပြုထုတ်ပြန်ထားသည်။ မြို့တော်တွင် ရောဂါကူးစက်မှုသည် ပြီးခဲ့သည့်သီတင်းပတ်ကကူးစက်မှုအရေအတွက်ထက် ၃၈၀၀ ခန့်လျော့နည်းခဲ့သည်။


အဆိုပါမြို့တော်တွင် ယမန်နေ့ကအထိ ဆေးရုံတက်ကုသလူနာ ၄၄၄၂ ဦးရှိသည်ဟု သိရသည်။


ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.