မကွေးမြို့နယ်၌ (၆၆/၆)ပုံစံများ Software Program ဖြင့် ဆောင်ရွက်နေမှု မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး




ငဖဲ သြဂုတ် ၁၉


မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့ လိုက်ပါကာ ဩဂုတ် ၁၉ ရက် နံနက်ပိုင်းက မကွေးမြို့နယ် စုပေါင်းရုံးသို့ ရောက်ရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မကွေးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ကွန်ပျူတာကျွမ်းကျင် ဝန်ထမ်းများဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းပုံစံ (၆၆/၆)များ Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။


မကွေးမြို့နယ်အနေဖြင့် e-ID software programme ရေးသွင်းခြင်း လုပ်ငန်းများကို ဇူလိုင် ၁၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မကွေးမြို့နယ်အတွင်း အိမ်ထောင်စု ၇၂၄၂၄ စုရှိရာ ယခုအခါ ၅၆၄၅၁ စု ဆောင်ရွက်ပြီးစီးခဲ့ပြီး ၇၇ ဒသမ ၀၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် အိမ်ထောင်စု ၁၅၉၇၁ စုအား အချိန်မီပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။


မောင်ညီညာ






No comments

Powered by Blogger.