လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းများစွမ်းဆောင်မှု အရည်အသွေးတိုးတက်မြင့်မားစေရေး မွမ်းမံသင်တန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပ



နေပြည်တော် ဩဂုတ် ၁  

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းများစွမ်းဆောင်မှု အရည်အသွေးတိုးတက်မြင့်မား စေရေး မွမ်းမံသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကိုဗစ် - ၁၉ ကာကွယ်ရေး နည်းစနစ်များ နှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်း များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲများ၊ သင်တန်း နည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ တက်ရောက်လာကြသည့် သင်တန်းသားများ အနေဖြင့် သင်တန်းမှ သင်ကြားပို့ချချက်များ အပြန်အလှန်ဆွေးနွေး ခြင်းမှ ရရှိသည့် အသိများ၊ သင်တန်းသားအချင်းချင်း ဖလှယ်၍ရသည့် အတွေ့အကြုံများအရ လုပ်ငန်း တာဝန်များကို တက်ကြွစွာဆောင်ရွက်ကြပြီး ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့ အကျိုးတို့ကို စိတ်ကောင်း စေတနာကောင်းအပြည့်ဖြင့် ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်အောင် ကြိုးပမ်းကြ စေလိုကြောင်းနှင့် လျှပ်စစ်အင်ဂျင်နီယာကောင်းများ ရုံးလုပ်ငန်းဆိုင်ရာဝန်ထမ်းကောင်းများ အဖြစ် ဌာနအကျိုး၊ အများပြည်သူအကျိုးကို စွမ်းစွမ်းတမံ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွား ကြစေလိုကြောင်း ပြောကြားသည်။ 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှု/ လျှပ်စစ်အင်ဂျင်နီယာများအတွက် ဓာတ်အား ခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၄)နှင့် အင်ဂျင် နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၄) သင်တန်းများ၌ သင်တန်းသား (၂၅)ဦးစီကို စာတွေ့/ လက်တွေ့ဖြင့် ရက်သတ္တ (၅) ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေး သွားမည်ဖြစ်ပြီး ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု မွမ်းမံသင်တန်းအမှတ်စဉ်(၃)၌ သင်တန်းသား (၅၀)ကို စာတွေ့/ လက်တွေ့ဖြင့် ရက်သတ္တ (၈) ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။ 


(သတင်းစဉ်)


No comments

Powered by Blogger.