“ဥမ္မာဒန္တီ” ဇာတ်တော် မြန်မာ့ရုပ်မြင်သံကြား၌ ဆက်လက်ပြသမည်



နေပြည်တော် အောက်တိုဘာ ၂၆

မိဘပြည်သူများ ဇာတ်သဘင် ဖျော်ဖြေတင်ဆက်မှုဖြင့် စိတ်အပန်းပြေစေရန်၊ လူငယ်လူရွယ်များ ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များအကြောင်း သိရှိနားလည်ပြီး အသိပညာဗဟုသုတ ရရှိနိုင်ရန်နှင့် သဘင်ပညာရှင်များ၏ အနုပညာရသ စွမ်းရည်များ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ချက်များဖြင့် “နိပါတ်တော်လာ ဇာတ်သဘင် မဟာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို အောက်တိုဘာ ၂၂ ရက်မှ စတင်၍ အပတ်စဉ် စနေနေ့ညတိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသ လျက်ရှိသည်။

အဆိုပါ အစီအစဉ်မှ “ဥမ္မာဒန္တီ” ဇာတ်တော် (အပိုင်း-၂) ကို သဘင်ပညာရှင် ပတ္တမြားကေခိုင် စီစဉ်ပြီး Art Director ဆန်းမင်း၏ အနုပညာဖန်တီးမှု၊ ရွာစားဝါးခယ်မ စိန်မုန့်လုံး၏ တီးခတ်မှုနှင့်အတူ တင်မောင်ဆန်းမင်းဝင်း၊ ဘွန်း၊ ရေကြည်ချမ်းမြ၊ ထက်ကို၊ ဆန်းနေအောင်တို့နှင့်အတူ သဘင်ပညာရှင်များ၊ အနုပညာရှင်များက ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။ ထိုသို့တင်ဆက်မှုကို အောက်တိုဘာ ၂၉ ရက် (စနေနေ့) ည ၈ နာရီသတင်းအပြီး ည ၉ နာရီခန့်တွင် ပြသမည်ဖြစ်ပြီး နိုဝင်ဘာ ၂ ရက် (ဗုဒ္ဓဟူးနေ့) ည ၉ နာရီခန့်တွင်လည်း ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.