အိန္ဒိယနိုင်ငံက ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်
နယူးဒေလီ အောက်တိုဘာ ၁၇
အိန္ဒိယနိုင်ငံက ပဲ့ထိန်းဒုံးကျည်(SLBM)
တစ်စင်း ကို သမုဒ္ဒရာအတွင်းသို့ အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဒုံးကျည်အား ဘင်္ဂလားပင်လယ်အော်ရှိ
INS Arihant ရေငုပ်သင်္ဘောမှ ပစ်လွှတ်ခဲ့ကြောင်း အိန္ဒိယအစိုးရက ကြေညာခဲ့သည်။
INS Arihant ရေငုပ်သင်္ဘောသည်
အိန္ဒိယနိုင်ငံ၏ ပထမဆုံးပြည်တွင်း၌ တည်ဆောက်ထားသည့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောဖြစ်ပြီး
၂၀၁၈ ခုနှစ်တွင် စတင်တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။
ဒုံးကျည်ပစ်လွှတ်ရောက်ရှိခဲ့သည့်
တည်နေရာ အတိအကျ၊ ဒုံးကျည်အမျိုးအစားနှင့် စမ်းသပ်ပစ်ခတ်မှုအရေအတွက် စသည့် အသေးစိတ်အချက်
အလက်များကို အစိုးရတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ ပဲ့ထိန်းဒုံးကျည်အား
ရေငုပ်သင်္ဘောမှ စမ်းသပ်ပစ်လွှတ်မှုအပေါ် ထုတ်ဖော်ပြောကြားခြင်းသည် အိန္ဒိယအစိုးရ၏
ပထမဆုံး အကြိမ်ထုတ်ဖော်ပြောကြားခြင်းဖြစ်ကြောင်း
ဒေသန္တရ မီဒီယာများက ဆိုသည်။
အိန္ဒိယနိုင်ငံသည် ရေတပ်အင်အားကို
ပိုမိုအားကောင်းစေရန် ကြိုးပမ်းလျက်ရှိသည်။ အလားတူ
ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောကို စက်တင်ဘာလတွင် စတင်ရေချခဲ့သည်။
တရုတ်နိုင်ငံသည် ၎င်း၏
Belt and Road ပဏာမခြေလှမ်းအရ အိန္ဒိယသမုဒ္ဒရာတစ်ဝိုက်ရှိ ရေကြောင်းသွားလ ာလှုပ်ရှားမှုများကို
အရှိန်မြှင့် လုပ်ဆောင်လျက်ရှိစဉ် အိန္ဒိယအစိုးရက ၎င်း၏ ရေတပ်အင်အားကို အဆင့်မြှင့်တင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ကြေညာချက်ကို
ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်

No comments