အိန္ဒိယနိုင်ငံ၌ ဘုရားကျောင်းမှအပြန် ယာဉ်တိုက်မှုဖြစ်ပွား၍ ကိုးဦးသေဆုံး
နယူးဒေလီ အောက်တိုဘာ
၁၇
အိန္ဒိယနိုင်ငံတောင်ပိုင်း
ကာနာတကာပြည်နယ်တွင် အောက်တိုဘာ ၁၆ ရက်က ယာဉ်မတော်တဆမှုဖြစ်ပွားရာ ကိုးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း နယ်မြေခံရဲတစ်ဦး
က ဖုန်းဖြင့်ပြောကြားသည်။
ကာနာတကာပြည်နယ် ဟက်ဆန်ခရိုင်တွင်
ယာဉ်သုံးစီးမတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများ လိုက်ပါသည့်ယာဉ်မှာ နို့ကားတစ်စီးနှင့်
ပြည်နယ်အစိုးရ ဘတ်စ်ကားတစ်စီးကြားတွင် ကြေမွသွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
သေဆုံးသူများသည် ဘုရားကျောင်းတစ်ခုသို့ သွားရောက်လည်ပတ်ပြီးနောက်
အိမ်သို့ပြန်လာခဲ့ကြသည်။ သေဆုံးသူများထဲတွင် အမျိုးသမီး နှစ်ဦး၊ ကလေး လေးဦးနှင့် အမျိုးသား
သုံးဦးတို့ပါဝင်ကြောင်း ရဲတစ်ဦးက ပြောကြားသည်။ ပြည်နယ်ဝန်ကြီးချုပ် ဘာဆာဗာ ရက်ဂျ်ဘွန်မိုင်က
သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ဖော်ပြထားသည်။
ဆင်ဟွာ

No comments