တူကီယဲနိုင်ငံမြောက်ပိုင်း၌ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၁ ဦးအထိရှိလာ
အန်ကာရာ အောက်တိုဘာ
၁၇
တူကီယဲနိုင်ငံမြောက်ပိုင်း၌
မြေအောက်ကျောက်မီးသွေးတွင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွားရာ သေဆုံးသူပေါင်း ၄၁ ဦးအထိ ရှိလာကြောင်း
တူကီယဲသမ္မတ ရီဆက် တေရစ်အာဒိုဂန်က ပေါက်ကွဲမှုဖြစ်ပွားသည့် ဘာတင်ပြည်နယ်၌ အောက်တိုဘာ
၁၅ ရက်တွင် ပြောကြားသည်။
အဆိုပါပေါက်ကွဲမှုမှာ အမစ်ရာမြို့၌
အောက်တိုဘာ ၁၄ ရက် ညနေ ၆ နာရီ ၁၅ မိနစ်က မြေပြင်အောက် ၃၀၀ မီတာတွင် ဖြစ်ပွားခြင်းဖြစ်သည်။
ပေါက်ကွဲမှုကြောင့် အလုပ်သမား ၁၁၀ ပိတ်မိနေပြီး ၅၈ ဦးမှာ ၎င်းတို့ဘာသာထွက်ရန် စီစဉ်ခဲ့ပြီး
ဒဏ်ရာရရှိသူ ၁၁ ဦးရှိကာ ဆေးရုံတက်ရောက်ကုသနေကြောင်း ပြည်နယ်နှင့် ဒေသတွင်းအာဏာပိုင်များက
ပြောကြားသည်။
စုံစမ်းစစ်ဆေးသွားမည်
မိုင်းတွင်းမတော်တဆမှုများကို
အဆုံးသတ်ရန် အစွမ်းကုန်ကြိုးပမ်း အားထုတ်သွားမည်ဟု အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့်
သမ္မတ အာဒိုဂန်က ကတိပြုပြောကြားသည်။ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို ဖော်ထုတ်ရန်
အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာပိုင်များက စုံစမ်းစစ်ဆေး သွားမည်ဖြစ်ကြောင်း သမ္မတက
သတင်းထောက်များကို ပြောကြားသည်။
ကနဦးတွေ့ရှိချက်များအရ
ပေါက်ကွဲမှုဖြစ်ပွားရခြင်းမှာ မီးလောင်မှုကြောင့်ဖြစ်နိုင်ကြောင်း စွမ်းအင်နှင့် သဘာဝအရင်းအမြစ်ဝန်ကြီး
ဖာတီဒန်မက်ဇ်က ပြောကြားသည်။
ဆင်ဟွာ

No comments