PDF အမည်ခံအကြမ်းဖက်သမားများက ပခုက္ကူမြို့နယ် ဘုန်းကံကျေးရွာအတွင်းသို့ Drone ယာဉ် အသုံးပြု၍ လက်လုပ်ဗုံးများ ရမ်းသန်းဖြုတ်ချတိုက်ခိုက်၊ အသက်လေးနှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
နေပြည်တော်
အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး
ပခုက္ကူမြို့နယ် ဘုန်းကံကျေးရွာအတွင်းသို့ ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက
Drone ယာဉ် အသုံးပြု၍ လက်လုပ်ဗုံးများ ရမ်းသန်းဖြုတ်ချ တိုက်ခိုက်ခဲ့ခြင်းကြောင်း၊
အပြစ်မဲ့ပြည်သူ အသက်လေးနှစ်ရွယ် ကလေးငယ်တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ပခုက္ကူမြို့နယ် ဘုန်းကံကျေးရွာအတွင်းသို့ ယနေ့ နံနက်
၉ နာရီခွဲခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများ က Drone ယာဉ် တစ်စင်းအသုံးပြု၍ လက်လုပ်ဗုံးနှစ်လုံး ရမ်းသန်းဖြုတ်ချ
တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်ခြင်းကြောင့် ဘုန်းကံကျေးရွာ အလယ်တန်းကျောင်းအတွင်း
ကျရောက်ပေါက်ကွဲခဲ့ပြီး အလျား ပေ ၁၂၀၊ အနံ ပေ ၆၀ ရှိ စာသင်ဆောင်၏ မျက်နှာကြက်နှင့်
သွပ်မိုးများ ပေါက်ပြဲပျက်စီးခဲ့ပြီး ကျေးရွာတွင် နေထိုင်လျက်ရှိသော အသက်လေးနှစ်အရွယ် ကလေးငယ်တစ်ဦး ဗုံးစထိမှန် ဒဏ်ရာများ
ရရှိခဲ့သည်။
ဒဏ်ရာရ ကလေးငယ်အား ဘုန်းကံကျေးရွာ ကျေးလက်ဆေးပေးခန်း၌ လိုအပ်သည့်ဆေးဝါး
ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကျေးရွာအတွင်း လက်လုပ်ဗုံးများ ရမ်းသန်းဖြုတ်ချ တိုက်ခိုက်ခဲ့သော
PDF အမည်ခံ အကြမ်းဖက် သမားများကို အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက
ပိတ်ဆို့စစ်ဆေး ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments