အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးသန်းဆွေ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ အာဆီယံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ ၁၈ ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ



နေပြည်တော်  နိုဝင်ဘာ    ၂၄

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ Vice President YONN SINAT ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်းပင်မြို့၌ ကျင်းပသည့် အာဆီယံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ ၁၈ ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ယနေ့ညနေပိုင်းတွင် ပြန်လည်ရောက်ရှိသည်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

           

           

No comments

Powered by Blogger.