ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်ထံ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ခန့်အပ်လွှာပေးအပ်
နေပြည်တော် နိုဝင်ဘာ ၂၃
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် (Representative) အဖြစ် တာဝန်ထမ်းဆောင်မည့် Dr. Thushara Eraj Indranath Fernando က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ယနေ့ မွန်းလွဲ ၂ နာရီတွင် လာရောက်ဂါရဝပြု တွေ့ဆုံပြီး ၎င်း၏ခန့်အပ်လွှာကို ပေးအပ်သည်။
ခန့်အပ်လွှာ ပေးအပ်သည့် အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
သတင်းစဉ်
No comments