မိုးညှင်းနှင့် နမ့်စန်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ




နေပြည်တော် နိုဝင်ဘာ ၂၅


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၃ ရက် ညနေ ၃ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင် ကျေးရွာရှိ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဝင်းမင်းဦး(ခ)ပြာလောင် မောင်းနှင်ပြီး သက်လွင်ထွန်း(ခ)ကိုသက် လိုက်ပါလာသည့် MITSUBISHI FUSO အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ Ammonium Nitrate ကီလို ၂,၀၀၀ ကိုလည်းကောင်း၊ အလားတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် နမ့်စန်မြို့နယ်၊ မက်မွန်မုန်းကျေးရွာအုပ်စု၊ နမ့်မော်ခေါက်ဆင့် ကျေးရွာအနီး၊ နမ့်စန်-ခိုလမ် ကားလမ်းတွင် စိုင်းကျော်ခေါင် မောင်းနှင်လာသည့် MITSUBISHI TRITON အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းညိုမှုန့် ကီလို ၆၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ရဲပြန်ကြား

No comments

Powered by Blogger.