နောင်တရားမြို့၌ တောင်ယာစပါး စတင်ရိတ်သိမ်း





နောင်တရား နိုဝင်ဘာ ၂၅


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်၌ ဒေသမျိုးစပါးဖြင့် စိုက်ပျိုးသည့် တောင်ယာစပါးများ စတင်ရိတ်သိမ်းလျက်ရှိသည်။


“တောင်ယာစပါးကို ယခင်က အိမ်တိုင်းစိုက်ပါတယ်၊ ယခုတော့ ၁၀ အိမ်မှာ တစ်အိမ်လောက်ပဲ စိုက်တော့တယ်၊ လူအများစု ဝယ်စားတာများတယ်၊ ကျွန်တော်က တောင်ယာဆန်နီကို ပိုကြိုက်လို့ နှစ်တိုင်းစိုက်ဖြစ်တယ်၊ တောင်ယာစပါးက အထွက်နှုန်းတော့နည်းတယ်၊ ဒေသဆန်နီစပါးမျိုးကို ပြန်စိုက်လို့ရတော့ အထွက်နည်းလည်း ဆန်နီကိုဘဲစိုက်ဖြစ်တယ်၊ တစ်ဧကကို အိမ်တစ်အိမ် မိသားစု တစ်စုအတွက်တော့ လုံလောက်တယ်၊ ရောင်းဖို့တော့မရှိဘူးပေါ့၊ အခြားစပါးတွေကိုတော့ မစိုက်ဖြစ်ဘူး” ဟု နောင်ယဉ်ရွာမှ တောင်ယာစပါးစိုက် တောင်သူတစ်ဦးက ပြောပြသည်။ တောင်ယာစပါး ရိတ်သိမ်းချိန်တွင် ရာသီဥတုပေါ်မူတည်၍ အလှည့်ကျရိတ်သိမ်းသည့် အလေ့အထရှိပြီး တောင်ယာစပါးစိုက်ပျိုးသည့် တောင်သူများ စုပေါင်းရိတ်သိမ်းကြကြောင်း သိရသည်။


ခွန်အောင်(နောင်တရား)

No comments

Powered by Blogger.